မင်္ဂလာပါ။ ကျွန်တော်ကတော့ ဘုန်းတော်ကြီး ဒေါက်တာပေါလ်မြင့်ထက်ထင်ရဖြစ်ပါတယ်။ လောလောဆယ် သန့်ရှင်းသောကားတိုင်ဓမ္မတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်အနေနဲ့ တာဝန်ယူအစေခံထမ်းဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သန့်ရှင်းသောကားတိုင်ဓမ္မတက္ကသိုလ် ဝက်ဘ်ဆိုက် ကို လာရောက်ပြီးတော့ ဝင်ရောက်ကြည့်ရှုလေ့လာတဲ့အတွက်ကြောင့် မိတ်ဆွေကို ကျေးဇူးတင်ရှိကြောင်း ဦးစွာ ဖော်ပြလိုပါတယ်။
သန့်ရှင်းသောကားတိုင်ဓမ္မတက္ကသိုလ်က မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) ရဲ့ တစ်ခုတည်းသော သာသနာပိုင်ချုပ်နယ်အဆင့် ကျမ်းစာကျောင်းဖြစ်တာနဲ့အညီ ဒီကျမ်းစာကျောင်းကြီးမှာ မိသားစုဝင်တစ်ယောက်အနေနဲ့၊ အစိတ်အပိုင်းတစ်ခုအနေနဲ့ အစေခံရတာကို ပါဝင်ရတာကို ကျွန်တော်အင်မတန်မှ ဂုဏ်ယူပါတယ်။ အဲဒီလိုပဲ မိတ်ဆွေလည်း တစ်ချိန်ချိန်မှာ သန့်ရှင်းသောကားတိုင်ဓမ္မတက္ကသိုလ်ရဲ့ မိသားစုဝင်၊ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လာမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
ဤ ဝက်ဘ်ဆိုက်မှာ လာရောက်ပြီးတော့မှ လေ့လာခြင်းအားဖြင့် မိတ်ဆွေသိရှိလိုတဲ့ သတင်းအချက်အလက်များ၊ ဗီဒီယိုများမှစပြီးတော့မှ မိတ်ဆွေအတွက် အထောက်အပံ့ဖြစ်မယ့်အရာများကို ရရှိမယ်လို့ ယုံကြည်ပါတယ်။ မျော်လင့်ပါတယ်။
အကယ်၍ မိတ်ဆွေအနေနဲ့ ဒီထက်ပိုပြီးတော့မှ သိရှိချင်တာရှိလို့ရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်ဖို့အတွက် မေတ္တာရပ်ခံပါတယ်။ မိတ်ဆွေတို့ရဲ့ အားပေးထောက်ပံ့မှုအတွက် တကယ်ပဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်။ အယောက်စီတိုင်းမှာ ဘုရားသခင်ကောင်းချီးပေးပါစေ။ အာမင်။
21May
HCTC’s Summer English Intensive concluded with great results. Students immersed themselves in language workshops, significantly boosting their speaking and writing ...